Wednesday, May 28, 2014

ထိုင်းတွင် ည မထွက်ရ အမိန့် လျှော့ပေါ့

ထိုင်းတွင် ည မထွက်ရ အမိန့် လျှော့ပေါ့

Bookmark and Share [ ]

စစ်တပ်က အာဏာ သိမ်းထားတဲ့ ထိုင်း နိုင်ငံမှာ ည မထွက်ရ အမိန့်ကို ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့ ကစလို့ လျှော့
ပေါ့ပေး လိုက်ပါတယ်။

နဂိုက ည ၁၀ နာရီ ကနေ မနက် ၅ နာရီ သတ်မှတ် ထားရာ ကနေ၊ ည သန်းခေါင် ကနေ မနက် ၄ နာရီကို
လျှော့ပေါ့ ပေးလိုက် ပါတယ်။ လူ ၅ ယောက်ထက် ပို မစုရ အမိန့်ကတော့ ဆက်ရှိနေ ပါတယ်။


ဒါပေမယ့် လက်နက်ကိုင် စစ်သားတွေ မျက်စိဒေါက်ထောက် ကြည့်နေတဲ့ အခြေ အနေမှာပဲ စစ်တပ်က အာ
ဏာ သိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြ သမားတွေလည်း ဆက်ရှိနေပါတယ်။

စစ်တပ် အာဏာသိမ်းတာကို ထောက်ခံတဲ့ လူတချို့ကလည်း မေ ၂၆ ရက်နေ့မှာ ဘန်ကောက်စစ်ဌာနချုပ်ကို
သွားပြီး စစ်သားတွေကို ပန်းစည်းတွေ၊ စားစရာတွေနဲ့ ဆေးဝါးတွေကို ပေးပြီး ကျေးဇူးတင်ကြောင်း ပြသတာ
မျိုးလည်း ရှိပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံရေး သမားတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေ တော်တော် များများကို ဖမ်း
ဆီး ထားတုန်းပဲ ဖြစ်ပြီး ဆင့်ခေါ်တာကို တိမ်းရှောင် သူတွေဟာ ထောင်ဒဏ် ၂ နှစ်အထိ ကျခံ ရဖွယ် ရှိပါ
တယ်။

စစ်တပ်က အာဏာသိမ်း ကတည်းက တိမ်းရှောင်နေတဲ့ ပညာရေး ၀န်ကြီး ဟောင်းကို မေ ၂၇ ရက်နေ့ မှာ
စစ်သား တွေက ဘန်ကောက်မှာ ရှိတဲ့ သတင်းထောက်များ ကလပ်ကနေ ဖမ်းခေါ်သွား ခဲ့ပါတယ်။

မေ ၂၈ ရက်နေ့အထိလည်း ဆန္ဒပြ ခေါင်းဆောင်တွေဟာ ရဲအဖွဲ့ဆီမှာ အစစ်ဆေးခံဖို့ သွားနေကြတုန်းပါပဲ။

စစ်တပ်က အာဏာ သိမ်းတာကို ထိုင်း ဘုရင်ကြီးက တရားဝင် ထောက်ခံချက် ပေးလိုက်တဲ့ နောက်မှာ အာ
ဏာသိမ်း စစ်ကောင်စီဟာ ၆ ဦးပါတဲ့ အကြံပေး အဖွဲ့ကို ဖွဲ့စည်း လိုက်ပါတယ်။

အကြံပေး ဘုတ် အဖွဲ့ရဲ့ ဥက္ကဋ္ဌက အရင် ကာကွယ်ရေး ၀န်ကြီး ဖြစ်ပြီး စစ်ဦးစီး ချုပ်ဟောင်း၊ ဒု စစ်ဦးစီးချုပ်
ဟောင်း၊ ဒု ၀န်ကြီးချုပ်ဟောင်း ၂ ယောက်နဲ့ ကုန်သွယ်ရေး ၀န်ကြီးဟောင်း တို့ ပါဝင်ပါတယ်။

အကြံပေး ဘုတ်အဖွဲ့ဟာ တိုင်းပြည် လုံခြုံရေး၊ စီးပွားရေးနဲ့ ဥပဒေ ကိစ္စတွေမှာ အကြံပေး သွားမယ်လို့ ဘန်
ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။

စစ်အုပ်ချုပ်ရေး ၁ ပတ်နီးပါး အကြာမှာ ဘန်ကောက်မြို့ပေါ်မှာတော့ ပြည်သူတွေဟာ အလုပ်သွားတဲ့ လူ
သွား၊ ကျောင်းသွားတဲ့လူသွားနဲ့ ပုံမှန် ပြန်ဖြစ်နေပါပြီ ဖြစ်ပါတယ်။

နိုင်ငံရေးအုပ်စုတွေရဲ့ လပေါင်းများစွာ ဆန္ဒပြပွဲတွေနဲ့ ကြုံခဲ့ရလို အခြေအနေတွေ ပြောင်းလဲ တိုးတက် လာ
ဖို့ တော်တော်များများက မျှော်လင့်နေကြပါတယ်။

DVB by ဒီဗွီဘီ

No comments:

Post a Comment